COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀)ရက်နေ့ (၀၈း၀၀) နာရီအချိန်မှ (၀၉း၀၀)အချိန်ထိ သံတွဲမြို့နယ်၊ တန်ခွန်တိုင်ကျေးရွာတွင်လည်းကောင်း၊ (၀၉း၃၀)နာရီအချိန်မှ(၁၀း၃၀)အချိန်အထိ ကျားကိုက်ကျေးရွာတွင်လည်းကောင်း၊ (၁၁း၀၀)နာရီ အချိန်မှ (၁၂း၀၀)အချိန်အထိ ကြိမ်ချောင်းကျးရွာတွင်လည်းကောင်း၊ (၁၃း၀၀) နာရီအချိန်မှ (၁၄း၀၀)အချိန်အထိ ပဒဲကောကျေးရွာတွင်လည်းကောင်း၊ (၁၄း၀၀)နာရီမှ (၁၅း၀၀)အချိန်အထိ မြုံချောင်ကျေးရွာတွင်လည်းကောင်း၊ (၁၅း၀၀)နာရီမှ (၁၆း၀၀)အချိန်ထိ  ကျားအိုကျေးရွာတွင် လည်းကောင်း၊ (၁၆း၀၀)နာရီမှ (၁၇:၀၀)အချိန်ထိ စာနီတောင်ကျေးရွာတွင်လည်းကောင်း လှ့ည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့်မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#rke_sep2020

Source: သံတွဲခရိုင်ဦးစီးမှုးရုံး (ဘစမ)

Sign Up

Upcoming Events