
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၃:၀၀)နာရီချိန်အထိ အောက်ရေဖြူကျေးရွာ၊ ဂေါ့အင်းကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ထိန်ကြီးကျေးရွာနှင့် ကဒက်ငယ်ထိန် ကျေးရွာ မှ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များဖြစ်သည့် မြေပြိုဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးများနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် mask များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_sep2020
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)