ထောက်ပံ့ငွေပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅) မျိုး ဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀၀/-) ကျပ်နှုန်းဖြင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ (IDPs) စခန်း (၁၂) ခုမှ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၈၅၅) စုအတွက် စုစုပေါင်းရန်ပုံငွေ (၃၄,၂၀၀,၀၀၀/-) ကျပ်တို့ကို (၁၈-၉-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ စခန်းတာဝန်ခံများမှ တဆင့် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_otr
#shn_sep2020

Sign Up

Upcoming Events