Covid-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၉.၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် များ၊ မဇ္ဇျိမလူမှုကူညီရေးအသင်းတို့နှင့် ပူးပေါင်း၍ (COVID-19) ရောဂါကူးစက်မှု ဒုတိယလှိုင်းကာလအတွင်း မိမိတို့ဒေသအတွင်း မဖြစ်ပွားစေရေးအတွက် ဆန်းဆိုင်းရပ်ကွက်အတွင်းရှိ စျေးဆိုင်များ နှင့်လူစည်ကားရာနေရာများတွင် (COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကို လည်းကောင်း Hand Speaker များ ၊အသံချဲ့စက်များအသုံးပြုခြင်းဖြင့်အသိပညာပေးဆော်သြခြင်း၊ hand gel များဖြင့် လက်သန့်စင်စေခြင်း၊ မဖြစ်မနေ အပြင်ထွက်ရပါက mask ကိုအမြဲတပ်ဆင်သွားကြရန်အသိပေး ပြောကြားပြီး mask များဖြန့်ဝေခြင်း၊လက်သန့်စင်ဆေးကြောရန် ဆပ်ပြာခဲများပေးဝေခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်း/ပိုစတာများ ကပ်ခြင်းတို့ကို ဆောက်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar
#shn_sep2020
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events