လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ မကြီးလဟာကျေးရွာအုပ်စု၊ မကြီးလဟာကျေးရွာ၊ တာနားစုကျေးရွာ၊ ညောင်ပင်စုကျေးရွာ၊ တာကျိုးကျေးရွာနှင့် ကြခတ်မြှောင် ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှု မပြန့်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#ayy_sep2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)