လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တောင်ရွာနောင်ကျေးရွာအုပ်စု၊ တောင်ရွာနောင်(တ) ကျေးရွာ၌ (၁၇.၉.၂၀၂၀)ရက်နေ့ တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ရသော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် (၁၈,၈၃၈) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးပါ (၁)အိမ်ထောင်စာတို့ကို (၁၇.၉.၂၀၂၀)ရက်နေ့ (၁၅:၀၀)အချိန်တွင် ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရှေ့မှောက်တွင် ဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mdy_sep2020
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)