
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စားသောက်ကုန် (၅) မျိုးဝယ်ယူရန် ဒုတိယအကြိမ် အိမ်ထောင်စု(၁)စုလျှင် (၄၀၀၀ဝ) ကျပ်နှုန်းဖြင့် မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိနှစ်ခြင်း Idps စခန်းတွင်အိမ်ထောင်စု (၃၈၆) စု၊ လူဦးရေ (၁၇၀၇) ဦးနှင့် ကက်သလစ် Idps စခန်းတွင်အိမ်ထောင်စု (၁၅၄) စု၊ လူဦးရေ (၇၃၂) ဦး၊ စုစုပေါင်းအိမ်ထောင်စု (၅၄၀) စု၊ လူဦးရေ (၂,၄၃၉) ဦးတို့အား စုစုပေါင်းထောက်ပံ့ငွေ (၂၁,၆၀၀,၀၀၀) ကျပ်အား (၁၇-၉-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ar
#kcn_sep2020