
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 စီးပွားရေးကုစားမှုအစီအစဥ် (CERP)အရ စားသောက်ကုန် (၅) မျိုး ဝယ်ယူရန် ဒုတိယအကြိမ်အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀၀/-) ကျပ်နှုန်းဖြင့် လီဆူ Idps စခန်းတွင် အိမ်ထောင်စု (၁၁၃) စု၊ လူဦးရေ (၆၄၅) ဦးအားလည်းကောင်း၊ AD-(2000)IDPs စခန်းတွင်အိမ်ထောင်စု (၁၅၅) စု၊ လူဦးရေ (၇၁၈) ဦးတို့အား လည်းကောင်း၊ ရောဘတ် IDPs စခန်းတွင်အိမ်ထောင်စု (၆၂၀) စု၊ လူဦးရေ (၃၈၇၆) ဦးတို့အားလည်းကောင်း၊ ထွယ်ဆန် Idps စခန်းတွင် အိမ်ထောင်စု (၃၇) စု၊ လူဦးရေ (၂၁၉) ဦးတို့အားလည်းကောင်း၊ နှစ်ခြင်း (မူရင်း) Idps စခန်းတွင် အိမ်ထောင်စု (၁၁)စု၊ လူဦးရေ (၅၀) ဦးနှင့် ဖန်ခါးကုန်း Idps စခန်းတွင် အိမ်ထောင်စု (၆၆) စု၊ လူဦးရေ (၃၄၆) ဦးတို့အားလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေ (၄၀,၀၈၀,၀၀၀/-)ကျပ်အား (၁၇-၉-၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် Idps စခန်းနေ မိသားစုများ၏ လက်ဝယ်အရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#kcn_sep2020