
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များနှင့်ပူးပေါင်း၍ ပုလောကုန်း၊ ဝက်တိုးကျေးရွာ၊ တောင်ပုလဲကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ တမိုင်ကျေးရွာနှင့် နတ်အိမ်တောင်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးခြင်း အားဆောင်ရွက်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_sep2020