COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၇-၉-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ မိုင်းလတ်(အာခါ)ကျေးရွာ၊ ပန်ဗိုင်းခမ်းကျေးရွာ၊ နောင်ကုန်စံပြကျေးရွာ၊ ကျိုင်းလိတ်ကျေးရွာနှင့် ဝမ်ကမ်ကျေးရွာတို့၌ ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Maskနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_sep2020

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events