Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀) ရက်နေ့တွင် ကြံခင်းမြို့နယ်၊ ခုံကြီးအုပ်စု၊ (ခုံကြီး၊တယ်မ၊ ညောင်ပင်၊ဆန်တုန်) ကျေးရွာတို့တွင် နံနက် (၁၁:၀၀) နာရီချိန်မှ (၁၃:၃၀) နာရီ အချိန်အထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အချိန်နှင့်တပြေးညီထုတ်ပြန်လျှက်ရှိသည့် တားမြစ် မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေးအသိ ပညာပေးခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_sep2020

Sign Up

Upcoming Events