လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ပဲပုတ်ကျေးရွာ၊ ရေပုတ်ကုန်းကျေးရွာ၊ ခပေါင်းရွာလယ်၊ သပြေလှကျေးရွာ၊ ဘုရားခြေရင်း၊ (၄) မိုင်နှင့် (၅) မိုင်တို့တွင် (၁၇-၉-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေး ဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#bgo_sep2020
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)