
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (COVID-19) စီးပွားရေးကုစားမှုအစီအစဥ်(CERP)အရ အခြေခံစားသောက်ကုန်(၅)မျိုးဝယ်ယူနိုင်ရန်အတွက် အိမ်ထောင်စု(၁)စုလျှင် ထောက်ပံ့ငွေ (၄၀,၀၀၀/-)ကျပ်နှုန်းဖြင့် နမ့်ခမ်းမြို့နယ်အတွင်းရှိ (IDPs) စခန်း(၆)ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၈၉)စုအတွက် စုစုပေါင်းရန်ပုံငွေ (၁၅,၅၆၀,၀၀၀/-) ကျပ်တို့ကို (၁၇-၉-၂၀၂၀)ရက်နေ့တွင် စခန်းတာဝန်ခံများမှတဆင့် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_otr
#shn_sep2020