လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ဆက်ဦးစီးမှူး၊ မြို့နယ်တိကု ဦးစီးမှူးတို့နှင့်ပူးပေါင်း၍ (၁၇-၉-၂၀၂၀) ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်မှစ၍ မိုင်းဖြတ်မြို့နယ်ရှိ ဆွပ်ပန်းကျေးရွာနှင့် ဆိုက်ခေါင်ကျေးရွာတို့တွင် (Covid-19) ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အတွက် ရောဂါနှင့်ပတ်သက်သည့် ကျန်းမားရေးအမူအကျင့်များ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းကို ကျေးရွာပြည်သူများအား အသံချဲ့စက် အသုံးပြု၍ အသိပညာပေးခြင်းနှင့် (Covid-19)ရောဂါနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် များ၊ Mask များ၊ လက်ဆေးဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_sep2020
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)