Covid-19 ကူးစက်ရောဂါ ကူးစက်မှုဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၁၆-၉-၂၀၂၀)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ စ၍ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာ၊ ဆားကျင်းတောင်ကျေးရွာ၊ ရေဆိုင်ကုန်းကျေးရွာ၊ ကြာနီကန်ကျေးရွာနှင့်ရင်းဒီလေးကျေးရွာ

များတို့တွင်(ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar
#ayy_sep2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events