Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဥယာဉ်စုကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ကြို့ပင်စိတ်ကျေးရွာ၊ ကရင်နီကုန်းကျေးရွာ၊ သဖန်းကျောင်းကျေးရွာနှင့် ကျွန်းသုံးပင်ကျေးရွာများတွင် (၁၆-၉-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေး ဆော်ဩခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#bgo_sep2020

Sign Up

Upcoming Events