ရွှေကူမြို့နယ်အတွင်း IDPs စခန်းများရှိ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (Covid-19) စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ (၁၆-၉-၂၀၂၀)ရက်နေ့ (၁၁:၃၀) ရီအချိန်တွင် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း နှစ်ခြင်း IDPs စခန်းရှိ အိမ်ထောင်စု (၅၁) စုနှင့် ကက်သလစ် IDPs ရှိ အိမ်ထောင်စု (၃၅)စု အတွက် စားသောက်ကုန် (၅) မျိုးဝယ်ယူရန် အိမ်ထောင်စု (၁) စုလျှင် (၄၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၈၆) စုတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၃,၄၄၀,၀၀ဝ/-)ကျပ်တို့ကို စခန်းရှိပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#kcn_sep2020

 

 

Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events