
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နာရေးကူညီမှုအသင်း (ညောင်တုန်း) တို့နှင့်ပူးပေါင်း၍ (၁၅-၉-၂၀၂၀) ရက်နေ့ ည (၁၉:၀၀) နာရီတွင် ညောင်တုန်းမြို့၊ ရပ်ကွက် (၁၀) ခုအတွင်း လမ်းဆုံနေရာများနှင့် လူစည်ကားရာနေရာများ၌ Covid -19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များ၊ တိုင်းဒေသကြီးအတွင်း မြို့နယ်ကျော်ခရီးသွားလာပါက ခရီးသွားထောက်ခံချက်ပါရှိစေရေး၊ မိမိနေထိုင်ရာ မြို့နယ်အတွင်း၌သာ ခရီးသွားလာမည် ဆိုပါက ခရီးသွားထောက်ခံချက် ရယူရန်မလိုကြောင်း၊ ယခုအချိန်တွင် စစ်ဆေးရေးဂိတ်များထားရှိပြီး စစ်ဆေးကြပ် မတ်နေသည့် အချိန်အခါဖြစ်သဖြင့် မြို့နယ်တွင်းသွားလာရာတွင် ခရီးသွားထောက်ခံချက် ရယူရန်မလိုအပ်သော်လည်း စစ်ဆေးရေးဂိတ် များတွင် မှတ်ပုံတင်ပြ၍ စစ်ဆေးမှုခံယူပြီးမှသာ သွားလာရမည်ဖြစ်ကြောင်းနှင့် စက်တင်ဘာလ (၁၅)ရက်နေ့မှ အောက်တိုဘာ လ (၁) ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား နံနက် (၆)နာရီမှ ည (၈)နာရီ အတွင်း၌သာ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ထိုသို့ရောင်းချရာတွင်လည်း ဆိုင်တွင်ထိုင်၍ စားသောက်နိုင်သည့် ရောင်းချသည့်စနစ်အစား အစားအသောက်များအား အထုပ်ဖြင့် ဝယ်ယူသွားနိုင်သော ပါဆယ်စနစ် (Take Away System) ဖြင့် ဆောင်ရွက်သွားရန် စသည့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အများပြည်သူများ သိရှိနိုင်စေရန် လှည့်လည်ကြေညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_sep2020