လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၁:ဝဝ)နာရီအချိန်ထိ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင် ဆင်ရေး အသိပညာပေးနိုးဆော်ခြင်းများကို လော်စပီကာအသုံးပြု၍ ဂန့်ဂေါမြို့နယ်၊ ရွာစည် ကျေးရွာ၊ ရွာစည်ရွာသစ်ကျေးရွာနှင့် စိန်ဒူးကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_sep2020
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)