COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) အရ အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်း(၄)ခုရှိ အိမ်ထောင်စု(၄၃၅)စု၊ လူဦးရေ(၁၈၉၄)ဦးအတွက် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan- CERP) အရ စားသောက်ကုန်(၅)မျိုး(ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်နီ)ဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် (၄၀၀၀၀/-)ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၄၃၅)စုအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၇၄၀၀၀၀၀/-) ကျပ်တိတိအား (၁၅-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#otr
#rke_sep2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events