
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့၌ နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာအုပ်စု၊ တွင်းကြီးကျေးရွာ၊ ဖလံပင်ကျေးရွာနှင့် ထုံးပေါက်ချိုင်းကျေးရွာအုပ်စု၊ ထုံးပေါက်ချိုင်းကျေးရွာ၊ မြင်သာဂွေးကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာတို့တွင် COVID-19 ဒုတိယလှိုင်းမဖြစ်ပွားစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မိုးရာသီတွင်ဖြစ်ပွား လေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပက်သက်၍ ပြည်သူသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_sep2020