IDP စခန်းများရှိ ပြည်သူများအတွက် ထုံးအိတ်နှင့် ဆပ်ပြာတောင့်များ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မိုင်းယု(ကုန်းစုံ) IDP စခန်းရှိ အိမ်ထောင်စု(၈၂)စု၊ လူဦးရေ(၄၂၄)ဦး၊ မိုင်းယုလေး IDP စခန်းရှိ အိမ်ထောင်စု(၇၇)စု၊ လူဦးရေ(၃၈၉)ဦး၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော် IDP စခန်းရှိ အိမ်ထောင်စု (၅၇)စု၊ လူဦးရေ(၂၆၃)ဦး၊ နမ့်ဖက်ကာနယ်မြေ(၄) IDP စခန်းရှိ အိမ်ထောင်စု(၃၉)စု၊ လူဦးရေ(၁၂၂)ဦး၊ မုံးစီးကာသိုလိပ်ဘုရားကျောင်း IDP စခန်းရှိ အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၁၅၇)ဦး၊ မုံးစီးပန်ယန်ခါး IDP စခန်းရှိ အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၃၁၉)ဦး၊ စုစုပေါင်း IDP စခန်း (၆) ခုအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်းဖြင့် စုစုပေါင်းထုံးအိတ် (၆၀) အိတ်နှင့် IDP စခန်း(၆) ခုရှိ စုစုပေါင်းလူဦးရေ (၁၆၇၄) ဦးအတွက် လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် လက်ဆေးဆပ်ပြာ(၁၆၇၄)တောင့်တို့ဖြင့် ထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_sep2020
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events