လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်/ဆက်၊ မြို့နယ်တိ/ကုတို့နှင့်ပူးပေါင်း၍ (၁၅-၉-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်မှစတင်ကာ မိုင်းဖြတ်မြို့နယ်ရှိ ပါယောင်း ၂ ကျေးရွာနှင့်ကချင်းစံပြကျေးရွာများအတွင်း Covid-19 ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးအမူအကျင့်များ၊ စည်းကမ်းချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး Covid-19 အသိ ပညာပေးလက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ Mask များနှင့် လက်ဆေးဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)