Covid-19 ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့်သဘာဝဘေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့ တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ မဘိမ်းမြို့နယ်၊ ပျဉ်လဟာကျေးရွာ၊ ခိုတာကျေးရွာနှင့် ကုန်းမခမ်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ‌ နေထိုင်ရမည့် ကျန်းမာ‌ရေးအမူအကျင့်များ အသိပညာပေးဟောပြောခြင်း၊ အခြားသောသဘာဝဘေးများနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးအစီ အစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_sep2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events