မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၀) ရက်နေ့၊ (၀၂:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သည့် ထားဝယ်မြို့နယ်၊ ရှမ္မလည်ဆွဲရပ်ကွက် မီးဘေးတွင် လုံးဝပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)စုစာ၊ လူဦးရေ(၁)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၂,၁၀၀/-) ကျပ်နှင့် သေဆုံးသူ(၁)ဦးအတွက် နာရေးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၅၀၂,၁၀၀/-)ကျပ်အား (၁၄-၉-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)အချိန်တွင် ဘေးသင့် ပြည်သူထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fir
#tny_sep2020

Sign Up

Upcoming Events