လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၀) ရက်နေ့တွင် ပင်းတယမြို့နယ်၊ ဟော်ကုန်းရပ်ကွက်နှင့် ပေါက်တောရပ်ကွက်တို့တွင် (Covid-19) ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်း ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker ဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ)