
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၁၄-၉-၂၀၂၀)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှစ၍ လပွတ္တာမြို့နယ်၊ ကသပေါင်းကျေးရွာအုပ်စု၊ ကသပေါင်းရွာမကျေးရွာ၊ တောင်တန်းကြီး ကျေးရွာ၊ ချောင်းဝကျေးရွာ၊ ကန်ချောင်းကျေးရွာနှင့် အောင်ကုန်းကျေးရွာများတို့တွင် (ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို အများပြည်သူများသိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_sep2020