လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ပခုက္ကူမြို့နယ် ရှားပင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင်(၃၁-၇-၂၀၂၀)ရက်နေ့တွင်ဖွင့်လှစ်ခဲ့သော ယာယီရေဘေးခိုလှုံရေးစခန်း(Camp)အား ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းပြီး ရေဘေးရှောင်ပြည်သူများ မိမိနေရပ်သို့ပြန်လည်ပြောင်းရွှေ့ပြီးဖြစ်သဖြင့် (၁၁.၉.၂၀၂၀)ရက်နေ့တွင် ပြန်လည်ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)