လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၂၀) ရက်နေ့(၁၃:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ဘုန်းဘွဲကျေးရွာ၊ ပြည့်ပင်ကျေးရွာ၊ ပြည့်ပင်ရွာသစ်ကျေးရွာများသို့ Covid-19 ရောဂါနှင့်ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးပန်ကြားချက်များကို ပြည်သူများထံသို့ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_sep2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)