
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့၌ မင်းဘူး(စကု)မြို့နယ်၊ ဖလံရုံကျေးရွာ၊ ကျီးပင်တက်ကျေးရွာ၊ နန်းတော်ကုန်း ကျေးရွာ၊ စိုင်းရှင်ကျေးရွာ၊ ရွာသာယာကျေးရွာ၊ သင်္ဘောကျွန်းကျေးရွာနှင့် သင်္ဘောကျွန်းရွာ၊ သစ်ကျေးရွာတို့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ ရှိသည့် မိုးကြိုးဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာ ပေးနှိုးဆော်ခြင်း လုပ်ငန်းတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_sep2020