မြေပြိုဘေး ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ (၁၀.၉.၂၀၂၀)ရက်နေ့ (၀၆း၀၀)ချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှု​​​ကြောင့် မန်တုံမြို့နယ်၊ မန်ပွန်း(ပ)ကျေးရွာအုပ်စု၊ မန်ကောင်ကျေးရွာနေ ဦးအိုက်လွင်၏ နေအိမ်(၃၀ x၁၈ x၁၂)ပေ သွပ်မိုးသွပ်ကာပျဥ်ခင်းနေအိမ်ပေါ်သို့ မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ နေအိမ်တစ်စိတ်တစ်ပိုင်းပြိုကျခဲ့​ပြီး မအေးနှောင်း (ကိုယ်ဝန်ဆောင်သည်)နှင့် သားမောင်စံခမ်း(၂)ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး(၅၀၀၀၀၀/-)ခန့်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါဘေးသင့်အိမ်ခြေ(၁) အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁ဝ)မျိုး(၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀ိ/- ) နှင့်ဒဏ်ရာရ လူ(၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/- )အား (၁၃.၉.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ခဲ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_lsd

#shn_sep2020

Source:             လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events