COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၂၀) ရက်နေ့တွင် မဘိမ်းမြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မိုးမဘိမ်းမြို့၊ မြို့မဈေး၊ ကုန်းခါးဈေး၊ မြို့မရပ်ကွက်၊ တိုက်ကုန်းရပ်ကွက်၊ ကုန်းခါးရပ်ကွက်နှင့် နမ့်ပုံးပုံး ရပ်ကွက်တို့တွင် Covid-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ‌နေထိုင်ရမည့် ကျန်းမာ‌ရေးအမူအကျင့်များ အသိပညာပေးဟောပြောခြင်း၊ အခြားသော သဘာဝဘေး များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာ ပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_sep2020

Sign Up

Upcoming Events