COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ကျောက်တောင်ကျေးရွာ နှင့် မြစ်ဆုံကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ‌ နေထိုင်ရမည့် ကျန်းမာ‌ရေးအမူအကျင့်များ အသိပညာပေးဟောပြောခြင်း၊ အခြားသော သဘာဝဘေးများနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#shn_sep2020

Sign Up

Upcoming Events