လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၃-၉-၂၀၂၀) ရက်နေ့ (၀၈း၀၀)အချိန်မှ(၀၉း၀၀)အချိန်ထိ သံတွဲမြို့နယ်၊ ငပလီမြို့၊ ငပလီရပ်ကွက်တွင်လည်းကောင်း၊ (၀၉း၃၀)အချိန် မှ(၁၀း၃၀)ထိငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်တွင်လည်းကောင်း၊ (၁၁း၀၀)မှ(၁၂း၀၀)ထိ ငပလီမြို့၊ မဇင်ရပ်ကွက်တွင်လည်းကောင်း၊ (၁၃း၀၀)မှ(၁၄း၀၀)ထိ ငပလီမြို့၊ စပါးကြီးရပ်ကွက်တွင်လည်းကောင်း လှည့်လည်၍ COVID-19ရောဂါကူးစက်ပျံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_sep2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)