Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ​လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ​​လောက်ကိုင်မြို့နယ်အဆင့်ဌာနဆိုင်များ၊ လူမှု​ရေးအဖွဲ့အစည်းများနှင့် ပူး​ပေါင်း၍ (၁၁.၉.၂၀၂၀)ရက်နေ့ နှင့် (၁၂.၉.၂၀၂၀) ရက်​နေ့တွင် လောက်ကိုင်မြို့၊‌ ရက်ကွက်(၃)နှင့် ကားကြီးကွင်း တို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်(မြန်မာ၊ ကိုးကန့်)ဘာသာများ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#shn_sep2020

Source:           လောက်ကိုင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events