COVID -19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၀)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဆားမ​လောက်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၅) ရွာ၌ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် လှည့်လည်အသိပညာပေးခြင်း၊ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များအား ကြေညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်၊ ပိုစတာ များဖြန့်ဝေခြင်း၊  နှာခေါင်းစည်း mask ဝေငှပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_sep2020

Source:     ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events