Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခြင်း

(၁၁.၉.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍( COVID-19) ရောဂါကူးစက်မှု ဒုတိယလှိုင်း ဒေသတွင်းမဖြစ်ပွားစေရေးအတွက် လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ မြို့အဝင်အထွက်ဂိတ်များနှင့် အနီးပတ်ဝန်းကျင်တွင်လည်းကောင်း၊ ပါလျှံရပ်ကွက်မီးပွိုင့်နှင့်အနီးပတ်ဝန်းကျင်တွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မဇ္ဇျိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့၊ ခရိုင်ကြက်ခြေနီတပ်ဖွဲမှူး၊ တာချီလိတ် volunteer အဖွဲ့များနှင့်ပူးပေါင်း၍ မယ်ယန်းမြို့ဝင်ဂိတ်တွင် ဝင်ရောက်လာသူများနှင့် အနီးပတ်ဝန်းကျင်ရှိသူများအား (COVID-19)ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကိုလည်းကောင်း Hand Speaker များ၊ အသံချဲ့စက်များအသုံးပြုခြင်းဖြင့် အသိပညာပေးဆော်သြခြင်း၊ hand gelများဖြင့် လက်သန့်စင်စေခြင်း၊ မဖြစ်မနေအပြင်ထွက်ရပါက mask ကိုအမြဲတပ်ဆင်သွားကြရန်အသိပေးပြောကြားပြီး mask များဖြန့်ဝေခြင်း၊ လက်သန့်စင်ဆေးကြောရန် ဆပ်ပြာခဲများပေးဝေခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်း/ပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#shn_sep2020

Source:             တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events