Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၉.၂၀၂၀)နေ့ ပု​လောမြို့နယ်၊ ​ဆင်ထိုးကျေးရွာအုပ်စု မှ ရပ်​/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့များနှင့် ဟိတကာရီလူမှုကူညီရေး ပရဟိတအသင်းတို့ပူးပေါင်း၍ ဆင်ထိုးကြီး၊ ဆင်ထိုးငယ်၊ ဘုရင့်​တောင်၊ အင်းမကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ( ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ ​လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းဆော်ဩခြင်း၊ လက်ကမ်းစာစောင်နှင့် ဗီနိုင်းဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#tny_sep2020

Source:             ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events