COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀)ရက်နေ့တွင် သံသရာအေးလူမှုအထောက်အကူပြုပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ ကြေးနန်းတိုင်၊ မြင်သာ၊ ပြင်ကြီး၊ လက်မဲ၊ ဝိုင်းတောင်၊ သကန်ကရင်၊ သကန်မြန်မာ၊ ခုံမော်အရှေ့ကမ်း၊ ဘန်မဲ့ ကျးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်ရှောင်ရန်များ အသိပညာပေးခြင်းအား ဆောင်ရွက်ပြီး၊ လက်ကမ်းစာစောင်နှင့် Maskများအားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#tny_sep2020

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events