
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) အချိန်ခန့်တွင် ဖာပွန်မြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ဝှေမှုန်ကျေးရွာမှ ကိုင်းခြံမြေအတွင်း မြက်ဖြတ်စက်ဖြင့် ပေါင်းမြက်များရှင်းလင်းနေစဥ်မြေမြှုပ်မိုင်းဟောင်းတစ်လုံးအား ထိမိခဲ့ပြီး ဒဏ်ရာရရှိခဲ့သောဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်တိတိအား (၁၁-၉-၂၀၂၀) ရက်နေ့၊ (၁၂:ဝဝ) နာရီအချိန်တွင် ဖာပွန်မြို့ရှိ ပြည်သူ့ဆေးရုံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖာပွန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)