လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀)ရက်နေ့ ၌ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်နှင့် ကလားရှင်ကျေးရွာအုပ်စု၊ ကလားရှင်ကျေးရွာ၊ ဂွေးတောက်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကုန်းကျေးရွာ၊ လင်းဒလူးကျေးရွာ၊ လျှော်ချောင်း ကျေးရွာတို့တွင် မော်တော်ယာဥ်ဖြင့် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက် ရမည့်နည်းလမ်းများနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့် ပက်သက်၍ ပြည်သူသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_sep2020
Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)