
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင် Covid-19 ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ မေတ္တာလွမ်းခြုံလွှာ လူမူကူညီရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလအတွင်းပြည်တွင်း ကူးစက်ပျံ့ပွားမှုကြိုတင်ကာကွယ်ရေးအတွက် (၁၀-၉-၂၀၂၀) ရက်နေ့၊ နံနက် (၉:ဝဝ) နာရီမှနေ့လည် (၁၂:ဝဝ)ထိလွိုင်လင်မြို့၊ ကွတ်ချိုးကျေးရွာ၊ ပန်ခေါက်ဝိုးကျေးရွာ၊ နောင်ဟူးကျေးရွာတို့၌လည်းကောင်း၊ မွန်းလွဲပိုင်း (၁၃:၃၀) မှ (၁၇:ဝဝ) ထိလွိုင်လင်မြို့ပေါ်ရပ်ကွက် (၁) နှင့် ရပ်ကွက် (၄) ၌လည်းကောင်း Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ် အကြောင်းများနှင့်ရှောင်ရန်/ဆောင်ရန်စသည်များအားပအိုဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆော်သြပြီး ပါးစပ်နှင့်နှာခေါင်းစည်း(mask)များဖြန့်ဝေခြင်း၊ Covid-19အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း/ဖြန့်ဝေခြင်းဗွီနှိုင်းများကပ်ခြင်း တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_sep2020