Covid-19 ရောဂါနှင့် ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀) ရက် နေ့တွင် ပင်းတယမြို့ ပြည်တော်သာရပ်ကွက်နှင့် ရပ်ကွက်အတွင်းရှိ လက်ဆောင်ပစ္စည်း ဆိုင်များအား covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်းကူးစက်ပြန့်ပွားမှု ကြိုတင်ကာ ကွယ်ရေးအသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးခြင်းများကို Hand-Speaker များဖြင့် လှည့်လည်ဟောပြောခြင်း၊ Maskနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_sep2020
Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events