IDPs စခန်းရှိ ပြည်သူများအတွက် ဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် မံစီမြို့နယ်၊ မိုင်းခေါင်နှစ်ခြင်း ဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၃၆၅)စု လူဦးရေ (၁၅၈၆)ဦးအတွက် paris ဆပ်ပြာ (၁၅၈၆)ခဲ နှင့် ထုံးအိတ် (၁၀)အိတ်၊ မိုင်းခေါင်ကက်သလစ် IDPs စခန်းမှ အိမ်ထောင် စု (၁၅၄)စု၊ လူဦးရေ (၇၁၇)ဦးတို့အတွက် ဆပ်ပြာ(၇၁၇)နှင့် ထုံး(၁၀)အိတ်၊ မံစီနှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၁၇၇)စု လူဦးရေ (၇၈၃)ဦးအတွက် paris ဆပ်ပြာ (၇၈၃)ခဲနှင့် ထုံးအိတ် (၁၀)အိတ်တို့အား သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#kcn_sep2020

Source:     ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events