Covid-19 ရောဂါနှင့် ပတ်သက်၍အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀)နေ့တွင် COVID-19 အသိပညာပေးဆောင်ရွက်မှု သံသရာအေးလူမှုအထောက်အကူပြု ပရဟိတအသင်း တို့နှင့် ပူးပေါင်း၍ ပျဉ်းတောင်၊ တပ်တောင် ၊ တောင်ယာတဲ၊ စလွန်း၊ တောင်ညို၊ တောင်ရှည်၊ ကန်သာယာ၊ တောင်ကြီး၊ ကင်းဆိုး၊ မော်တောင်၊ ကလင်ဘန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန် /ရှောင်ရန် များ အသိပညာပေးဆောင်ရွက်ပြီး၊ လက်ကမ်းစာစောင်နှင့် Mask များအားဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#tny_sep2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events