Covid-19 ကူးစက်မှု ဒုတိယလှိုင်း မပြန့်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ (၉-၉-၂၀၂၀) ရက်နေ့တွင် နတ်မောက်မြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ရေငံကျေးရွာ၊ ပ/ကျားထူးကျေးရွာ၊ ပ/ဖုန်ကုန်းကျေးရွာနှင့် ပ/ဂွေးကုန်းကျေးရွာများအတွင်း COVID-19 ကူးစက်မှု ဒုတိယလှိိုင်း မပြန့်ပွားစေရန် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသော သဘာဝဘေး အန္တရာယ်များနှင့်ပက်သက်၍ ပြည်သူသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mgy_sep2020
Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events