
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ သံကြိုးကျေးရွာအုပ်စု၊ ရေပြင်းချောင်းကျေးရွာသို့ ရောဂါဖြစ်ပွားလျက်ရှိပြီး stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိ လာသည့် ပြည်သူများအား facility quarantine ထားရှိသည့် ရေပြင်းချောင်းကျေးရွာအထက်တန်းကျောင်းခွဲသို့ ကျေးရွာအုပ်ချုပ် ရေးမှူး၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_sep2020