
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွိုင်လင် covid-19 ရောဂါကာကွယ်ရန်အကူအညီပေးရေးအဖွဲ့၊ မေတ္တာလွမ်းခြုံလွှာ လူမူကူညီရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလအတွင်းပြည်တွင်း ကူးစက်ပျံ့ပွားမှုကြိုတင်ကာကွယ်ရေးအတွက် (၈-၉-၂၀၂၀) ရက်နေ့၊ နံနက် (၉:ဝဝ) နာရီမှနေ့လည် (၁၂:ဝဝ) ထိလွိုင်လင်မြို့၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်အကြောင်းများနှင့် ရှောင်ရန်/ဆောင်ရန်စသည်များအား ပအို့ဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာတို့ဖြင့် လှည့်လည်ဆော်သြပြီး ပါးစပ်နှင့်နှာခေါင်းစည်း (mask) များ ဖြန့်ဝေခြင်း၊ Covid-19 အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်/ဆောင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
ပိုစတာများကပ်ခြင်း/ဖြန့်ဝေခြင်း၊ ဗွီနှိုင်းများကပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_sep2020