လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၉-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု၊ သောင်ဘုတ်ကျေးရွာနှင့် ဒေါင့်ကြီးအုပ်စု၊ (ဒေါင့်ကြီး၊ ဈေးကလေး) ကျေးရွာတို့တွင် (၇-၉-၂၀၂၀)နေ့ဖြစ်ပွါးသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု(၁၀)စုအတွက်အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀၀ိ/-)၊ လူဦးရေ(၄၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၀၈၄၀၀၀ိ/-) အား (၈-၉-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_sep2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)