Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် (၈-၉-၂၀၂၀) ရက်နေ့တွင် ရန်ကုန်‌အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ (ဆ)ရပ်ကွက်၊ (ဈ)ရပ်ကွက်၊ တံတားကြီးရပ်ကွက်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက်၊ ရွှေပေါက်ကံမြို့သစ်ရပ်ကွက်များတွင် Covid-19 ရောဂါကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း‌မပေါ်ပေါက်စေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြားချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#ygn_sep2020

Sign Up

Upcoming Events